Sunday 26 May 2013

အခမဲ့ အွန်လှိုင်းပညာသင်စနစ်

Massachusetts Institute of Technology (MIT)/OpenCourseWare ✤ Link: http://is.gd/0pm1n1 ➤ Udacity / Free interactive College Classes ✤ Link: http://is.gd/xiFMtf ➤ Open Yale Courses / Freely Downloadable ✤ Link: http://is.gd/74Xwb4 ➤ Coursera Free Online Courses ✤ Link : http://is.gd/LIDgMa ➤ ALISON Database / Free Online Diplomas ✤ Link: http://is.gd/cqkuBQ ➤ Khan Academy / Free Online Education ✤ Link : http://is.gd/qpJwVP ➤ Johns Hopkins OpenCourseWare ✤ Link: http://is.gd/YWSx0O ➤ Academic Earth Free Online Courses ✤ Link: http://is.gd/BIZJQz ➤ UC Berkeley Free Online Lectures ✤ Link: http://is.gd/mNyFEM ➤ Open University LearningSpace ✤ Link: http://is.gd/84CXnA ➤ Carnegie Mellon Open Learning Initiative ✤ Link: http://is.gd/ADEBmj ➤ University of Washington Video Lectures ✤ Link: http://is.gd/ePO5Me ➤ Tufts OpenCourseWare ✤ Link: http://is.gd/8ABGyb ➤ UC San Diego Podcast Lectures ✤ Link: http://is.gd/oGOjth ➤ AMSER (Applied Math and Science Education Repository) ✤ Link: http://is.gd/N51Mvh ➤ Utah State OpenCourseWare ✤ Link: http://is.gd/ZRew6t ➤ Free Video Lectures.com ✤ Link: http://is.gd/ObsSL5 ➤ How-Stuff-Works / Free Online Science-Related Courses ✤ Link: http://is.gd/XEHory ➤ Wolfram Demonstrations Project ✤ Link: http://is.gd/0vbMWk ➤ Free Science and Video Lectures Online! ✤ Link: http://is.gd/JoOFQg ➤ LearningScience.org ✤ Link: http://is.gd/te9NqS ➤ Science.gov Databases ✤ Link: http://is.gd/g4ZK7B ➤ Connexions - Open-Content Library ✤ Link: http://is.gd/C9Inr5 ➤ Sophia Free Online Courses ✤ Link: http://is.gd/JBsj55 ➤ Honorable Mention: Peoi.org ✤ Link: http://is.gd/QbtScO For more - http://is.gd/y7Fukg Aung Kham (TSJ team) From : Techspace

Friday 24 May 2013

blogspot.com မှ CO.CC ပြောင်းနည်း

တိုးတက်လာတဲ့ အင်တာနက်ခေတ်မှာ ဆိုရှယ်ဆိုဒ်တွေ အများကြီးပေါ်ပေါက်လာသလို ကိုယ်ပိုင် ဖန်တီး ထား တဲ့ ဘလော့ ဆိုဒ်များလဲ အများအပြားထွက်လာတာကိုတွေ့နေရပါတယ်။ စာဖတ်တာ ၀ါသနာ ပါသူများကတော့ ထိုဆိုဒ်တွေမှာ လိုက်ပြီး ဖတ်ရှုကြသလို ကိုယ်တိုင်ရေးသားတတ်သူတွေလဲ ရှိနေပါတယ်။ မိမိတို့ရဲ့ ဖန်တီးထားမှုများကို ကိုယ်ပိုင် ဆိုဒ်တစ်ခုတည်ဆောက်ပြီး ဖန်တီးလိုသူများက ပိုက်ဆံပေး စရာမလိုတဲ့ ကိုယ်ပိုင် Domain လေးတွေ ယူပြီးဖန်တီး တတ်ကြပါတယ်။ ဒါပေမဲ့ အ၇င်က www.blogspot.com ဟာ မြန်မာနိုင်ငံက လူတွေ အတော်များများ ပုံမှန် proxy နဲ့ဝင်ကြည့် လို့မရတတ် ပါဘူး။ ကျော်ခွပြီး ၀င်တတ် မှသာ တစ်ခါတစ်ရံဝင်လို့ရတာပါ။ ဒါကြောင့် များသောအားဖြင့် မိမိဆိုဒ် ကို နေရာစုံ နိုင်ငံစုံက ဖန်တီးလို့ရအောင် co.cc domain နဲ့ ပြောင်းပြီးဖန်တီးတတ်ကြပါတယ်။ ဒါကြောင့် မိမိရဲ့ ဘလော့တွေကို domain ပြောင်းချင်သူများအတွက် (co.cc သို့) ရည်ရွယ်ပြီး ဒီပိုစ့်လေးကို တင်ပြ တာပါ။ ခုချိန်မှာတော့ ဘလော့တော်တော် များများကို ကြည့်လို့ ၇နေပြီ ဖြစ်ပါတယ်---- ဒီအကြောင်းလေး ကို သိပြီးသား သူငယ်ချင်း တွေလည်း အများကြီးရှိပါတယ်။ တကယ်လို့ မသိသေးတဲ့သူတွေ ရှိခဲ့ရင် အထောက် အကူဖြစ်အောင် တင်ပြပေးခြင်းဖြစ်ပါ တယ် --ခင်ဗျာ။။။ အောက်မှာ ပြုလုပ်ပုံလေး အဆင့်ဆင့်ကို ဖော်ပြပေးထားပါတယ်--- (၁). http://www.co.cc/ မှာ Account တစ်ခု Register လုပ်ပါ။ (၂). မိမိ Account ကို SignIn ၀င်ပါ... 'Domain Setting' ကို ရွေးပါ... မိမိ နှစ်သက်ရာနာမည်နဲ့ 'Domain' နာမည် တစ်ခု Create လုပ်ပါ... မိမိနှစ်သက်ရာ နာမည်တစ်ခု (blogspot က နာမည်အတိုင်းပေးချင်လဲ ရပါတယ်)။ ဒီအကောင့်က blogspot.com ကနေပြောင်းဖို့ ပြုလုပ်မှာဖြစ်တဲ့အတွက် မိမိနှစ်သက်ရာ နာမည်နဲ့ ဘလော့ တစ်ခု ဖန်တီးထားဖို့လိုအပ်ပါတယ်။ .. ထို့နောက် 'Setup'ကို ရွေးပါ... (၃). Option သုံးခု ရှိတဲ့ထဲက ဒုတိယ Option ဖြစ်တဲ့ 'Zone Record' ကို ရွေးရပါမယ်... (၄). 'Host' မှာ 'www.yourdomainname.co.cc' ကို ထည့်ပါ... (Domain Nameမှာ 'www' ပါရပါမယ်...) 'TTL'မှာ '1D'ကို ရွေးပါ... 'Type'မှာ 'CNAME'ကို ရွေးပါ... 'Value'မှာ 'ghs.google.com'ကို ထည့်ပါ... (၅). 'Setup' buttonကို Clickလုပ်ပါ... ဒါဆိုရင် မိမိ Blog အတွက် Domain တစ်ခုရပါပြီ... ဒီအဆင့် ပြီးတဲ့ အခါ မှာတော့ မိမိ domain ကိုပြောင်းဖို့အတွက် ၄၈ နာရီ (၂ ရက်) စောင့်ဖို့လိုပါတယ်။ ၂ ရက်ကြာမှသာ အောက်က အဆင့်များကို ဆက်လုပ်ရမှာဖြစ်ပါတယ်။ (၆). Blogger Accout ကို Login ၀င်ပါ... 'Setting' ကို သွားပါ... 'Publishing' Tab ကို ရွေးပါ... (၇). 'Custom Domain'ကို ရွေးပါ... 'Switch to advanced settings' ကို ရွေးပါ... (၈). 'Your Domain' မှာ 'www.yourdomainname.co.cc' ကို ထည့်ပါ... Save လုပ်ပါ...Blog ကို CustomDomain CO.CC နဲ့ အသုံးပြုလို့ ရပါပြီ... ဒီပိုစ့် လေးကို WYTU ဆိုဒ်မှ ပြန်လည် မျှဝေပေးထား တာဖြစ်ပါတယ်---- အဆင်ပြေပါစေ--ခင်ဗျာ။။။။။

Wednesday 22 May 2013

laptop နဲ့ Notebook တို့ရဲ့ကွာခြားချက်

The Laptop Computer The standard laptop computer would have some ,if not all, of the following features: 1. 14" - 17" (widescreen) TFT screen. 2. Nvidia GeForce or ATI Radeon graphics subsystem. 3. Internal DVD-ROM or DVD-RW drive 4. Large full featured keyboard. 5. 3 hour+ battery life. 6. Upgradeable. 7. Integrated modem, network, Bluetooth and Wi-Fi capabilities. 8. High quality integrate audio and speaker system. 9. Low power consumption, high performance Intel Centrino style processor. The Notebook Computer A standard notebook has the following features: 1. Ultralight. Less weight is better. 2. 4 - 5 hour battery life. 3. No internal floppy drive. 4. Minimal graphics subsystem. 5. No internal DVD or CD system. 6. 12" - 14" TFT screen. 7. Low profile (thin). 8. Integrated modem and network connection. 9. Smallest possible keyboard that retains functionality. 10. Low power consumption Celeron/Centrino or Sempron style processor ပျော်ရွှင်ချမ်းမြေ့ကြပါစေ.. သန့်ဇင်ဌေး

ကွန်ပျူတာ ဟာ့ဒ်ဝဲ အစိတ်အပိုင်းထီထွင်သူများ

1:Key board— Herman Hollerith, first keypunch devices in 1930’s - 2:Transistor— John Bardeen, Walter Brattain & Wiliam Shockley ( 1947-48) - 3:RAM— An Wang and Jay Forrester (1951) - 4:Trackball— Tom Cranston and Fred Longstaff (1952) - 5:Hard Disk— IBM , The IBM Model 350 Disk File (1956 ) - 6:Integrated Circuit— Jack Kilby & Robert Noyce ( 1958) - 7:Computer Mouse — Douglas Engelbart (1964) - 8:Laser printer— Gary Starkweather at XEROX in1969. - 9:Floppy Disk— Alan Shugart &IBM( 1970) - 10:Microprocessor— Faggin, Hoff & Mazor – Intel 4004 (1971) - Ref:techgeek TechSpace Journal .

ရှေ့ဆက်သွားနိုင်ဖို့ သင် စွန့်လွှတ်ရမယ့် အရာ(၁၀)ခု

ဘ၀ကို ရှေ့ဆက်သွားနိုင်ဖို့ဆိုရင် သင်ဟာ ဒီအရာ (၁၀)ခုကို စွန့်လွှတ်ရပါလိမ့်မယ်။ ၁။ အခြားသူများ၏ အမြင်များဖြင့် သင့်ဘ၀ကို ထိန်းချုပ်ခွင့်ပြုခြင်း အရေးကြီးတာက တခြားသူတွေ ဘယ်လိုထင်တယ်ဆိုတာ မဟုတ်ပါဘူး။ သင့်ကိုယ်သင် ဘယ်လိုထင်တယ်ဆိုတာကသာ အရေးကြီးပါတယ်။ သင်ဟာ သင့်ကိုယ်တိုင်အတွက်၊ သင့်ဘ၀အတွက် အကောင်းဆုံးအရာကို လုပ်ရပါမယ်။ ၂။ အတိတ်ကအမှားများကို ရှက်ရွံ့နေခြင်း သင့်ရဲ့ အတိတ်ဆိုတာ သင့်ရဲ့အနာဂတ်နဲ့ ညီမျှခြင်းမဟုတ်ပါဘူး။ အရေးပါတာကတော့ သင် အခု လုပ်နေတဲ့အရာပဲဖြစ်ပါတယ်။ ၃။ ကိုယ် ဘာလိုချင်တယ်ဆိုတာကို တိတိကျကျ မဆုံးဖြတ်နိုင်ခြင်း သင်ဘယ်ကိုသွားချင်တယ်ဆိုတာ မဆုံးဖြတ်နိုင်မချင်း သင် ဘယ်ကိုမှ ရောက်မှာမဟုတ်ပါဘူး။ သင် ဘာကိုလိုချင်တယ်ဆိုတာကို သိအောင် ဆုံးဖြတ်ပါ။ အဲဒီအရာနောက်ကို စိတ်ရောကိုယ်ပါ လိုက်ပါ။ ၄။ သင့်အတွက် အရေးပါသော ရည်မှန်းချက်များကို အချိန်ဆွဲနေခြင်း ဘ၀မှာ အဓိက ရွေးချယ်စရာ နှစ်ခုရှိပါတယ်။ (၁) အဖြစ်အပျက်တွေကို သူ့အရှိအတိုင်းပဲ လိုက်ခံလိုက်တာ (၂) သင်ဟာ အဲဒီအဖြစ်အပျက်တွေကို ပြောင်းလဲနိုင်တယ်လို့ ယုံကြည်တာ။ သစ်ပင်တစ်ပင်ကို စိုက်ခဲ့ဖို့ အကောင်းဆုံးအချိန်ကတော့ လွန်ခဲ့တဲ့အနှစ် (၂၀)လောက်ကပေါ့။ ဒုတိယအကောင်းဆုံးအချိန်ကတော့ အခုအချိန်ပါ။ ၅။ ဘာမှမလုပ်ဖို့ ရွေးချယ်လိုက်ခြင်း သင် ဘယ်အချိန်မှာသေမယ်၊ ဘယ်လိုသေမယ်ဆိုတာကို ရွေးချယ်လို့မရပါဘူး။ သင် ရွေးချယ်လို့ရတာကတော့ အခု ဘယ်လိုရှင်သန်မလဲဆိုတာပဲ ဖြစ်ပါတယ်။ နေ့ရက်တိုင်းဟာ သင် ရွေးချယ်နိုင်တဲ့ အခွင့်အရေးပါပဲ။ ၆။ သင့်လိုအပ်ချက် အမြဲမှန်ခြင်း အောင်မြင်မှုကို ရည်မှန်းပါ။ ဒါပေမယ့် သင့်ရဲ့ ရှုံးနိမ့်ပိုင်ခွင့်ကိုလည်း လက်မလွှတ်ပါနဲ့။ ဘာဖြစ်လို့လည်းဆိုတော့ သင့်ရဲ့ ရှုံးနိမ့်ပိုင်ခွင့်ကို လက်လွှတ်လိုက်ရင် သင်ဟာ အကြောင်းအရာသစ်တွေ သင်ယူနိုင်ခွင့်ကိုပါ ဆုံးရှုံးသွားလို့ပါပဲ။ ၇။ ဖြေရှင်းလို့ရသော ပြဿနာများကို ရှောင်ပြေးခြင်း ရှောင်ပြေးနေတာကို ရပ်လိုက်ပါ။ ပြဿနာတွေကို ရင်ဆိုင်လိုက်ပါ။ ဖြေရှင်းပါ။ ဆက်သွယ်ပြောဆိုပါ။ တန်ဖိုးထားပါ။ ခွင့်လွှတ်ပါ။ သင့်ဘ၀အတွက် ထိုက်တန်တဲ့သူတွေကို ချစ်ခင်ပါ။ ၈။ ဆုံးဖြတ်ချက်များအစား ဆင်ခြေများကို ပြုလုပ်ခြင်း ရေရှည် ရှုံးနိမ့်မှု အများစုဟာ ဆင်ခြေတွေရဲ့ ရလာဒ်ပဲဖြစ်ပါတယ်။ ၉။ သင့်ဘ၀၏ ကောင်းသောအချက်များကို သတိမပြုခြင်း သင်ရှာတာကိုပဲ သင်တွေ့တာပါ။ သင့်ရဲ့ဘ၀မှာ ရှိနေတဲ့အရာတွေကို တန်ဖိုးမထားတတ်ဘူးဆိုရင် သင်ဟာ ပျော်ရွှင်ဖို့အတွက် ခက်ခဲနေပါလိမ့်မယ်။ ၁၀။ လက်ရှိအချိန်ကို တန်ဖိုးမထားခြင်း ဘ၀ရဲ့ အကြီးမားဆုံးအစိတ်အပိုင်းတွေဟာ အရာသေးသေးလေးတွေနဲ့ အစပြုတယ်ဆိုတာကို သတိမထားမိဘဲ ကျနော်တို့ဟာ ကြီးကြီးမားမားတစ်ခုခုကို လုပ်ဖို့ပဲ ကြိုးစားနေတတ်ကြပါတယ်။ Credit To:Your Life Success

သတိထားအသုံးပြုသင့်

သတိ......Facebook Virus ပြန့်နေပါတယ်...........သေချာဖတ်ပါ။ =================================================== FireFox Update ပေါ်လာရင် မနှိပ်ပါနဲ့  Facebook Virus ပါ။ အကူးခံရရင်Auto Post တွေတင်ပါတယ်... သတိပေးပါတယ်။လုံးဝclick မနှိပ်ပါနဲ့  ... Facebook Virus ...ပါ။ Firefox update....virus link ကိုနှိပ်မိသူတွေ အောက်ကနည်းနဲ့ ရှင်းပါ။ (၁)Windowlogo key+R (Run Box) type firefox -safe-mode Check all box and click on makechange and reset.. (၂)IE မှာဆိုရင် Control Pane>Internet Option (must switch as custom view ) >Click the Advanced tab. Under Reset Internet Explorer settings, click Reset. Then click Reset again ပါစင်နယ်ကူပြုတာရဲ့ system fileတွေထိ ကူးစက်နိုင်တယ်ထင်ရင်.... (၁)MSEကိုupdateလုပ်ပြီး ပြန်စစ်ရန်။ MSEက maleware and trojanအတွက် အလုပ်လုပ်။ (၂)Kasperskyသုံးရင်Web filterကို enableလုပ်ထားရန်။ =================================================== ပြန်Shareပါ။ဒီနည်းနဲ့ ဖြေရှင်းလို့ ရတယ်လို့ လက်လှမ်းမှီသလောက် သတိပေးလိုက်ပါ။ (ကမ္ဘာ) . 606Like · · Share

Tuesday 21 May 2013

သတိထားရှောင်ကြည်ကြပါရန်

ပါရာစီတမောလ် နဲ့ ပက်ပစီ ပုဂံအွန်လိုင်းမီဒီယာ Saturday, May 18, 2013. အားလုံးသိအောင် သတိထားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ ကိုကာကိုလာ ပက်စီ-ကုတ် တွေ အကြောင်းကို လူတိုင်းနှီးပါး သိပြီးကြမယ်လို့ ထင်ပါတယ်။ မသိသေးတဲ့ သူတွေအတွက်ကတော့ သတင်းထူးပါဘဲဗျာ။ ဒီကနေ့ ဂျစ်တူးအကိုရဲ့ သူငယ်ချင်းတစ်ယောက် စင်္ကာပူကိုရောက်လာခဲ့ပါတယ်။ အပျော်ထွက်ဈေးဝယ်လာတာတော့ မဟုတ်ပါဘူး။ သူမရဲ့ ယောက်ျားဆုံးသွားလို့ အပူနဲ့ လာခဲ့ရသူပါ။ လက်ထပ်ထားတာမှ တစ်နှစ်တောင် မပြည့်သေးပါဘူးတဲ့။ သူကကျောင်းဆရာမဆိုတော့ ခွင့်ယူဖို့ အလုပ်ထွက်ဖို့ ဆိုတာ တော်တော်ခက်လို့ ယောက်ျားရှိတဲ့နေရာမှာလည်း မလိုက်လာနိုင်။ ယောက်ျားကလည်း သူမနှင့်အတူ လိုက်မနေနိုင်ဆိုတော့ မယ်တစ်ရွာမောင်တစ်မြို့ အနေဝေးနေကြတာပေါ့။ နောက်နှစ်ဆိုရင်တော့ အတူတူနေလို့ ရပါပြီ။ (ဒီလိုအတွေးကလေးတွေနဲ့ ဆရာမလေး တစ်ယောက် ပျော်နေခဲ့တာပေါ့) ဒါပေမဲ့ အခုတော့ သူမအပျော်တွေ ဘယ်တွေရောက်နေကုန်ပြီ မသိတော့ပါဘူး။ ဆရာမလေးယောက်ျားတစ်ယောက် မြန်မာ နိုင်ငံထုတ် အကြောဖြေဆေးနဲ့ ပက်စီသောက်မိလို့ သေဆုံးသွား ပါတယ်။ မနက်ဖြန်ဆို ရက်လည်နေ့ပါ။ ဒီလိုသတင်းတွေကြားနေရတာ တော်တော်များနေပါပြီ။ ပြီးခဲ့တဲ့ သုံးပတ်လောက်ကလည်း ပါတာစီတစ်မော့နဲ့ ကိုကာကိုလာ သောက်မိလို့ သေသွားတဲ့ မြန်မာအမျိုးသား တစ်ယောက်လည်း ရှိခဲ့ပါတယ်။ သူ့ခေါင်းတွေကိုက်လွန်းလို့ ပါတာစိတစ်မော့ကို သောက်တယ်တဲ့ (ဆေးရက်စွဲ မကုန်သေးပါဘူး) နဲနဲကြာတော့ ရင်တွေပူလွန်းလို့ ဆိုပြီး ကိုကာကိုလာသောက်လိုက်တယ် (သူ့အမျိုးသမီး ကိုယ်တိုင် ရေခဲသတ္တာထဲက ယူပေးလိုက်တာပါ)။ ခဏနေတော့ ပါးစပ်ထဲက အမြုတ်တွေထပြီး မူးလဲသွားလို့ ဆေးရုံကို ပို့လိုက်ရပါတယ်။ အဲဒီဆေးရုံသွားတဲ့လမ်းမှာဘဲ အသက်ဆုံးသွားခဲ့ ပါတယ်။ အရင်ဆုံး ကြားရတဲ့သတင်းကတော့ ဂျစ်တူးတို့ သူငယ်ချင်း အရင်းခေါက်ခေါက် ကိုယ်တိုင်ပါဘဲ။ ကုန်လွန်ခဲ့တဲ့ သုံးလလောက်ကဖြစ်ခဲ့တာပါ။ မြန်မာနိုင်ငံထုတ်ဆေးကို သောက်ပြီး တော်တော်ကလေးကြာမှ ပက်စီကို သောက်လိုက်တာ တခါတည်း အသက်ပါ ပါသွားလိုက်တာပါ။ ကြားခါစမ ယုံမကြည်ဖြစ်မိပါတယ်။ ဒီလောက်သန်သန်မာမာ ကျန်းမာရေး အထူးဂရုစိုက်တဲ့သူတစ်ယောက် သေတယ်ဆိုတော့ ဘယ်လိုမှ မယုံကြည်မိပါဘူး။ တကယ်တန်း မီးခိုးငွေ့တွေအဖြစ် ကြုံရတော့ မယုံကြည်လို့ မရတော့ပါဘူး။ နီးစပ်ရာသက်ဆိုင်ရာသူငယ်ချင်းအပေါင်းအသင်းများကို စကားတိုးတိုး ပြောပေးပါ။ အထက်ပါ အကြောင်းအရာတွေကိုပါ။ မဖြစ်အောင်တားလို့ ရပါတယ်။ တစ်ယောက်ကြည့်လို့ တစ်ယောက်သိရင် တစ်ယောက်အသက်ကို ကယ်တင်ရာရောက်ပါတယ်။ ဘလော့တွေ အားလုံးကဖြစ်ဖြစ် - ပြန်ပွားအောင် သိသူများအောင် ဖေါ်ထုတ်ပေးကြပါ။ လူအသက်တစ်ချောင်း ကယ်ကောင်းပါတယ်ဗျာ။ တစ်ယောက်အားနဲ့ မရပါဘူး။ အများသိဖို့ အများမှာ တာဝန်ရှိပါတယ်။ သင်သိတာကလေးကို မျှဝေသိစေခြင်းဖြင့် ကုသိုလ်ယူကြပါ။ myanmar news update မှကူးကားတင်ဆက်လိုက်ပါသည်။

Monday 20 May 2013

Facebook မှသင့်ကိုပြောပြမှာမဟုတ်သော အချက်(၁၃)ချက်

၁ ။ Facebook မှ သင့်အကြောင်းကိုမည်မျှစုဆောင်းသိရှိသလဲသိလိုလျှင် - Home Menu ထဲမှ Account Settings သို့သွား၍ “ Down load a copy ofyourFacebookdata” အား Clickလုပ်ပါ။ ၂ ။ သင်သည် default setting အား “Public” လုပ်ထားသည်။ သို့သော် သင်၏ update အချက် အလက်များနှင့် ပုဂ္ဂလိက သတင်း အချက်အလက်များ အား တစ်ကမ္ဘာလုံးသို့ မဖြန့်ဝေလိုပါက “Privacy Setting “သို့သွားရောက်၍ ပြောင်းလဲမှုများပြုလုပ်ရမည်။ ၃ ။ သင့်သူငယ်ချင်းတွေ၏ Post တိုင်းကိုသင်မြင်ရမှာမဟုတ်သလို၊သင်၏updateသတင်းအချက်အလက်များကိုလည်း သင်၏သူငယ်ချင်းတစ်ချို့တစ်ဝက်ကသာမြင်ရပါလိမ့်မည်။ Facebook သည် Usersများကိုsiteအားကြာရှည်စွာအသုံးပြု စေလိုသောကြောင့် ကြိုက်နှစ်သက်မှု အများ ဆုံး၊ ပြန်လည် ဖြန့်ဝေမှုအများဆုံး၊ ဝေဖန် သုံးသပ်မှုအများဆုံး Post များ ကို သာ ဦး စားပေးမြင်သာစေသည်။ ၄ ။ သင်သည် Facebook သို့ “ Signinဝင်ပြီးသည့်အခါ နောင်တွင်သင်internetsurfလုပ်သည့်အချိန်တွင်လမ်းကြောင်း တစ်ခုအဖြစ် အမြဲဖြစ်ပေါ်စေသည်။ မည်သည့်အချိန်တွင်မဆို FB တွင်Share / Like လုပ်ထားသော Page များအားဝင် ရောက်ကြည့်ရှုပါက သင်၏ Share/ Like ပြုလုပ်သော Information များအား မှတ်သားပေးထားသည်။ ၅ ။ သင်၏ Post များအား “Public” ပြုလုပ်ထားခဲ့ပါက မသမာသူများမှသင်၏ Updateသတင်းအချက်အလက်များအား တွေ့မြင်နေရသဖြင့် မသမာမှုများအတွက် အထောက်အပံ့ဖြစ်နိုင်သည် ။ အာမခံကုမ္ပဏီများသည်Post လုပ်ထားသော သတင်းအချက်အလက်များအား အသုံးပြု၍ ငွေအရစ်ကျပေးချေနှုန်းများတိုးမြှင့်ခြင်း၊ တောင်းဆိုမှုများအားငြင်းဆန်ခြင်း များပြု လုပ်လေ့ရှိ ပါသည်။ ၆ ။ သင်၏ စေ့စပ်လက်ထပ်ခြင်း၊ တက္ကသိုလ်ဝင်ခွင့်ရခြင်း ကဲ့သို့သော သတင်းများအား FBမှသတင်း ကြေငြာမှုတစ်ခု အဖြစ် သတ်မှတ်၍ သင့်သူငယ်ချင်းများ၏ News Feeds တွင် ၄င်းတို့ နောက်တစ်ကြိမ်Log on လုပ်သည့် အချိန်အထိ တိုင်အောင် ဖော်ပြပေးထားပါသည်။ ၇ ။ ဥပမာအားဖြင့်သင်သည် Gap Facebook page တွင် ဈေးဝယ်ရခြင်းအား ကြိုက်နှစ်သက်သဖြင့် “Like” လုပ်ပါက coupon ပေါ်လာသောအချိန်တွင် သင်ကျေနပ်လိမ့်မည်။ ထိုကဲ့သို့သော ဖြစ်စဉ်များသည် FB အားသင်၏အကြောင်းကို ပိုမိုသိစေသည့် အကျိုးကျေးဇူးကိုရစေပါသည်။ ၈ ။ သင်ဂရုစိုက်သောသူငယ်ချင်းများ၏ Posts များအား လုံလောက်စွာမကြည့်ရှုရဘဲ၊ သင်မကြည့်လိုသော သူငယ်ချင်း များ၏ Post များအားမြင်တွေ့နေရပါသလား? - New Feeds များအား Most Recent အဖြစ်စီစဉ်ပါ။ - သင်၏ Close Friends List ထဲသို့ Favorite Friend များအားထည့်ပါ။ - သင်စိတ်မဝင်စားသော သူငယ်ချင်းအချို့အား unsubscribe လုပ်ပါ။ ၉ ။ FB သည်ကြော်ငြာထည့်သွင်းလိုသော companies များအား Advertising Space ရောင်း ချခြင်းဖြင့် ဝင်ငွေရရှိသည်။ ကြော်ငြာလိုသည့်ကုမ္ပဏီများသည် ၄င်းတို့ဆန္ဒရှိသည့်နေရာ၊ လုပ်ငန်းအမျိုးအစား နယ်ပယ်၊ပညာအရည်အချင်း level စသည့် သတင်း အချက် အလက် များပေးသည်။ ကျွန်ုပ်တို့သည် ၄င်းတို့၏ စံအနေအထားများနှင့် ကိုက်ညီမည့်Pages များတွင် ကြော်ငြာများ ထည့်ပေးသည်။ ၁ဝ ။ သင်သည် သင်၏အရေးကြီးသော Post များအား သင် ၏သူငယ်ချင်း များ သို့ သေချာ စွာမြင်စေလိုလျှင် - သင်၏ Update News အားသူငယ်ချင်းများ၏ News Feedsထိပ်ဆုံး တွင်ပြောင်းရွှေ့ ပေါ်လွင်စေရန် $7 မှ $10အထိ Fee ပေး၍ပြုလုပ်နိုင်ပါသည်။ ၁၁ ။ အသုံးပြုသူ အများစုဟာ time line ကို မကြိုက်နှစ်သက်ကြပါ။ သို့သော်timelineသည်အသုံးပြုသူများအတွက် Shareလုပ်ရန် ထိရောက်သည့်နည်းလမ်းတစ်ခုဖြစ်သည်။ Timeline သည် မြင်သာသော ဆွဲဆောင်မှုရှိ၍ ဈေးကွက်အ တွင်း Brands ထိုးဖောက်လိုသူ စီးပွားရေး လုပ်ငန်း များ အတွက် ပိုမိုကောင်းမွန် သော Platform တစ်ခုဖြစ်သည်။ ၁၂ ။ သင်၏ Posts များအား Facebook friends များကြားတွင်တွေ့မြင်ရမှုကို ကန့်သတ်နိုင်သည်။ ဥပမာအားဖြင့် သင်၏ Post များအားboss မှလွဲ၍ အခြားသော သူများအားကြည့်ရှုခွင့်ပြုနိုင်သည်။ - Status Update Box ၏ ညာဘက်အောက်ထောင့်တွင်ရှိသောမြှားကို Click လုပ်ပါကOption အားလုံးကို တွေ့မြင်ရပါ လိမ့်မည်။ ၁၃ ။ Facebook Log on လုပ်နေစဉ် သင်၏ computer အား ထားရစ် ထွက်ခွာခဲ့ခြင်း မပြုလုပ်ပါနှင့်။ လုပ်ငန်းခွင် တွင် တခြားသူမှ သင်၏ Status တွင်ဝင်ရောက်ရေးသားနိုင်သောကြောင့်ဖြစ်သည်။ Myanmar News Update ၏ စာမျက်နှာ မှ ကူးယူဖော်ပြပါသည်။

Sunday 19 May 2013

သက်ဆိုင်သူသို့ တိုက်ရိုက်ပေးပို့လိုက် ပါ၏.....

Friday 17 May 2013

Myspace Funny Icons သူတို့ကလည်း ချစ်ကြလွန်းတော့လည်းစတာနှောက်တာမဆုံးတော့ဘူး...ဟီးးးးးးး
ချစ်တက်ရင်လောကကြီးကပျော်စရာပါ

Friday 10 May 2013

love worlds(အချစ်ဆိုင်ရာစကားလုံးများ)

စကားလေးကသုံးခွန်းထဲပါ။ I love you တဲ့။ သူ့ကိုဖွင့်ဆိုဖို့ကြတော့စကားလုံးတွေအများကြီးနဲ့ဖွဲ့နွဲ့ကြရလိမ့်မယ်။ ချစ်သူများနေ့မှာသုံးနိုင်မယ့်ဝေါဟာရတွေကိုစုစည်းပေးထားတာပါ။ အနောက်ကစာလုံးတွေက အဓိပ္ပါယ်ဆင်တူတာတွေ၊ category အုပ်စုတူတာတွေ ဖြစ်ပါတယ်။ Nouns of Love BEAUTY: attractiveness, charm, elegance, grace, loveliness အလှ CHARM: attraction, fascination, glamour ညှို့ဓါတ်၊ ကျက်သရေ CONSORT: companion, comrade, mate, partner, soul-mate, spouse ကြင်ဖော် DELIGHT: enjoyment, gladness, happiness, joy, pleasure သာယာကြည်နူးခြင်း DEVOTION: affection, attachment, fidelity, loyalty, dedication သံယောဇဉ်၊ စွဲလမ်းမှု DIGNITY: elegance, grace, stateliness ဣနြေ္ဒ။ ဂုဏ်သရေ FOREVER: always, eternity, perpetuity ထာဝရ HAPPINESS: bliss, cheerfulness, contentment, delight, joyfulness ပျော်ရွှင်ခြင်း HOPE: faith, optimism, reliance, belief, desire, wish မျှော်လင့်ချက် JOY: bliss, delight, elation, gladness, happiness ၀မ်းသာခြင်း၊ အားရခြင်း LOYALTY: allegiance, constancy, devotion, faithfulness, fidelity သစ္စာရှိမှု MARRIAGE: matrimony, nuptials, wedding, wedlock, bond, union လက်ထပ်ထိမ်းမြားခြင်း PROMISE: pledge, vow ကတိက၀တ် RENEWAL: enlivenment, invigoration, regeneration, revival ပြန်ဆန်းသစ်ခြင်း RESPECT: admiration, appreciation, esteem, favor, honor, regard လေးစားတန်ဖိုးထားခြင်း SACRIFICE: dedication, devotion, offering အနစ်နာခံခြင်း SINCERITY: candidness, candor, frankness, genuineness, honesty, ပွင့်လင်းခြင်း၊ စစ်မှန်ခြင်း SPIRIT: being, heart, mind, psyche, soul, energy, life, verve စိတ်ဝိဥာဉ်၊ လိပ်ပြာ WISDOM: insight, judgment, knowledge ဥာဏ်ပညာ၊ အသိတရား Adjectives of Love AFFECTIONATE: adoring, caring, considerate, devoted, loving ကြင်နာသော၊ မြတ်နိုးသော BEAUTIFUL: attractive, fair, lovely, stunning လှပသော DIVINE: godly, heavenly, glorious, wonderful, wondrous အံ့သြဖွယ်ကောင်းသော၊ ဘုရား/နတ်မျှသော ENDLESS: continual, eternal, perpetual, unceasing, unending, timeless အဆုံးမရှိသော၊ FAITHFUL: constant, steady, steadfast, true သစ္စာရှိသော၊ မဖောက်ပြန်သော FOND: affectionate, dear, devoted, loving ချစ်ခင်သော၊ မြတ်နိုးသော HAPPY: cheerful, glad, joyful, joyous, merry, pleased ပျော်ရွှင်သော HOPEFUL: hoping, optimistic, promising မျှော်လင့်ချက်ရှိသော၊ အလားအလာကောင်းသော INFINITE: endless, limitless, unbounded, immeasurable အဆုံးမရှိ၊ အကန့်အသတ်မရှိသော MARRIED: marital, matrimonial, nuptial, spousal, wedded, united လက်ထပ်ပြီးသော NOBLE: august, royal, ethical, moral, virtuous, honorable မြင့်မြတ်သော OPTIMISTIC: bright, sunny, upbeat, promising အကောင်းမြင်တတ်သော၊ PEACEFUL: placid, quiet, serene, still, undisturbed ငြိမ်းချမ်းသော PRICELESS: precious, inestimable, invaluable, valuable အဖိုးမဖြတ်နိုင်သော SINCERE: genuine, honest, real, heartfelt ပွင့်လင်းသော၊ ရိုးသားသော TOTAL: complete, entire, whole, absolute, pure, sheer, utter လုံးဝဥသုံ၊ အကြွင်းမဲ့ UNCOMMON: extraordinary, scarce, unusual, rare, unique ရှားပါးသော၊ ထူးကဲသော၊ သာမန်မဟုတ်သော UNCORRUPTED: ethical, principled, untarnished မပျက်ယွင်းသော၊ သန့်စင်သော UNDENIABLE: certain, incontestible, sure, undisputable မငြင်းဆန်နိုင်သော UNDYING: deathless, immortal, eternal, everlasting မသေဆုံးနိုင်သော၊ ထာဝရတည်တံ့သော UNFADING: enduring, lasting, undying, unfailing မညှိုးနွမ်းသော၊ မပျောက်ကွယ်သော UNIVERSAL: omnipresent, cosmic, global, worldwide ကမ္ဘာကုန်ကျယ်သရွေ့၊ နေရာတိုင်းမှာရှိသော UNSELFISH: selfless, self-sacrificing တစ်ကိုယ်ကောင်းမဆန်သော VIBRANT: intense, strong, vivid, dynamic, energetic, vigorous စိုစိုလွင်လွင်၊ အသွေးစုံ တက်တက်ကြွကြွ VIRTUOUS: ethical, moral, noble, principled, pure, righteous ဂုဏ်သရေမြင့်မားသော၊ ကိုယ်ကျင့်ကောင်းသော WARM: compassionate, sympathetic, tender, enthusiastic နွေးထွေးသော WORTHY: capable, deserving, desirable, suited, honorable, noble ထိုက်တန်သော Verbs of Love CHERISH: esteem, prize, treasure, cultivate, foster, nurture ချစ်ခင်မြတ်နိုးသည်။ တန်ဖိုးထားသည်။ HOPE: anticipate, await, count on, expect, look forward to မျှော်လင့်သည်၊ စောင့်စားသည်။ INSPIRE: excite, exhilarate, motivate, stimulate, impress လှုံ့ဆော်သည်။ နှိုးဆွသည်။ တက်ကြွစေသည်။ LOVE: adore, cherish, treasure ချစ်သည်။ MARRY: espouse, wed, combine, couple, hitch, mate, link, unite လက်ထပ်ထိမ်းမြားသည်။ PRIZE: appreciate, value, cherish တန်ဖိုးထားသည်။ PROMISE: pledge, vow ကတိပြုသည်။ RENEW: regenerate, restart, refresh, rekindle ပြန်လည်ဆန်းသစ်သည်။ RESPECT: honor, regard, value, admire လေးမြတ်သည်။ UNITE: connect, converge, join, meet, merge, unify ညီညွတ်သည်။ စုစည်းသည်။ ပေါင်းဖက်သည်။ VALUE: assess, evaluate, rate, appreciate, prize တန်ဖိုးထားသည်။ ဇာနည်(MyWay!) Read more: Love Words (အချစ်ဆိုင်ရာစကားလုံးများ) - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A803268&xgs=1&xg_source=msg_share_topic#ixzz2KYqEU2iu Posted in: အချစ်

Thursday 9 May 2013

မေမေ

တစ်နေ့တော့ပြန်လာခဲ့မယ် အမေ ဟိုးအဝေးမှာ ကြယ်စင်တွေ..သူတို့စွမ်းသလောက် မှုန်ပြပြပေမယ့်..“ လင်း ” ပြရှာတယ် မေမေ ကျွန်တော်ရော...မေမေ့အတွက် ဘယ်လို သစ္စာတရားတွေနဲ့ ဘယ်လို မေတ္တာတရားတွေနဲ့ “ လင်း ” ပြခဲ့ပြီးပြီလဲဟင် ... မေမေ ကျွန်တော်တို့အရပ်မှာ နေတွေမပွင့်ဘူး .. လတွေမသာဘူး အချိန်တိုင်းမှာ ဖိနှိပ်စီးပိုးမှုတွေနဲ့ ဘယ်လိုများ နေသာစရာကောင်းမှာတဲ့လဲ ဂါရ၀တရား နဲ့ ရိုသေမှုဟာ လူ့ဘုံသမိုင်းမှာ ပျောက်ဆုံးနေလေရဲ့ မေမေသင်ကြားခဲ့သမျှ ကျွန်တော့်မှာ . . . . နောင်တ ဆိုတာကိုအဖော်ပြုလို့ ခရီးကြမ်းကို ဆက်လက်လွှင့်နေမိဆဲ မေမေ အဲဒီကောင်းကင်ကြီးအောက် ကျွန်တော်တို့ မိုးရေတွေ အတူသောက်ခဲ့ကြဖူးတယ် တနယ်တခြားမှာ သူတို့ဟာ ဘာကြောင့်များ “ စိမ်း ” သွားကြတာလဲဟင် ကျွန်တော်တို့ဟာ မြန်မာတွေပါမေမေ ရွှေတိဂုံဘုရားကြီးရှိတယ် ဇွဲကပင်တောင်ရှိတယ် ဧရာဝတီမြစ်ကြီးရှိတယ် ပုဂံ ရှိတယ် ဂူဂဲလ်လောက်တော့ပွင့်နိုင်တဲ့ အင်တာနက်လိုင်းကြီးတွေရှိတယ် တခါတခါ ပိုက်ဆံများရှိလို့ကတော့ လူပေါ်လူကျော်လည်း လုပ်နိုင်သေးတယ်မေမေရဲ့ မေမေ မဝေးတော့တဲ့တစ်နေ့မှာပေါ့ ကျွန်တော်တို့ မျှော်လင့်ခြင်းတွေကိုယ်စီထုပ်ပိုး မနိုးသော အိပ်မက်များ ကိုယ်စီနဲ့ မေမေ့အိမ်ကလေးကို ပြန်လာခဲ့မှာပါ နှင်းဆီရနံ့တွေလွှမ်းနေတဲ့ မေမေ့ ပန်းခင်းလေးထဲ ကျွန်တော့်ကို မျှော်နေမလားမေမေ မေမေ့ ရင်ခွင်တံခါးကိုခေါက် ကျွန်တော် သားချော့တေးတွေ ပြန်ကြားယောင်မိတယ် လူကလေးရယ်..အိပ်ချိန်တန်..ဗျိုင်းရှေ့ကပျံ ကျွန်တော့်မျက်ဝန်းတွေထဲ အခါမလပ် အုံ့ဆိုင်း ရစ်သိုင်းနေဆဲပါ မေမေရယ် မေမေ ဒီမြေဒီရေဟာ ကျွန်တော့်အတွက်တော့ တမာခါးတွေစိုက်ပျိုးထားတဲ့ ပူပြင်းစူးရှ ကန္တာရသက်သက်ရယ်ပါ မေမေ တခမ်းတနား အဆောက်အအုံတွေနဲ့ မီးရထားဖြူဖြူကြီးတွေနဲ့ သူတို့ဟာ စက်ရုပ်တွေများလားမေမေ အချိန်တန်အိပ် အချိန်တန်စား ဘ၀ဟာ နေခြင်းလား... သေခြင်းလား ဘယ်လို အသိတရားမျိုးတွေနဲ့ ကျွန်တော်ဆက်နေထိုင်ရမလဲဟင် မေမေ မေမေ နံနက်ခင်းနိုးထခါစ မေမေ့လက်ရာထမင်းကြော်နဲ့ ပဲပြုတ်ဆီဆမ်းကို ကျွန်တော်တအားလွမ်းတယ်မေမေ ကျွန်တော့်ကို ဆူပါဦးမေမေ ကျွန်တော့်ကို ရိုက်ပါဦးမေမေ တခမ်းတနား အဆောင်အယောင်တွေကို ကျွန်တော်မုန်းတီးနေခဲ့တာကြာပါပြီ ဘ၀က လှိုင်းထန်လည်းပဲ မေမေ့ ၀ဲဂရက်ထဲပဲ ကျွန်တော်လွန့်လူးပျော်မွှေ့ချင်တယ် မေမေ့ လှေငယ်လေးပဲ ကျွန်တော် လှော်ခတ်ချင်တယ် အို... မေမေရယ် မဝေးတော့တဲ့ တစ်ရက်မှာပေါ့ ကျွန်တော် အရောက်ပြန်ခဲ့မှာပါ ခွင့်လွှတ်ခြင်းတရားတွေ နဲ့ မေမေ့ ရင်ခွင်နွေးနွေးကြား ကျွန်တော် အိပ်စက်ခိုလှုံပါရစေဦးနော် လွမ်းနေခွင့်

အမေများနေ့အမှတ်တရ

အမေတစ်ယောက်၏အေ၇းပါမှူ လာမည့်အမေများနေ့ကိုဂုဏ်ပြုရင်းအမေများနေ့စာတစ်စောင်လေးတင်ဆက်လိုပါတယ်...ကမ္ဘာမြေကြီးမှာလူဆိုလို့လူယောင်္ကျား ဟာပထမလို့လူတိုင်းသိကြတဲ့အတိုင်းပါ.ဒီတော့ လူယောင်္ကျားမှ ဒီနေ့ဒီချိန်ထိ လူဦးရေသန်းပေါင်းများစွာတိုးပွားစေပါသလားဆို ရရင် အမေတို့ရဲ့အေ၇းပါပုံကိုထင်ပေါ်နေလောက်ပေဖြစ်သည်။ဒီတော့လောကမှာအမေဟာ ဒီကမ္ဘာမြေတစ်ခွင်လုံးသြဇာအာဏာ အရှိဆုံးလို့ကျွှန်တော်ဆိုချင်ပါတယ်။ဘာကြောင့်လည်းဆိုရင် အမေမရှိရင် လူဆိုတာခုချိန်ဆိုရှိမှာမဟုတ်လို့ပါ။စာရေးဆရာများ၊ ပညာရှင်များ စသည့်ပညာတက်ပုဂ္ဂိုလ်များလည်း မိခင်များကိုအမျိုးမျိုးတင်စား ဂုဏ်ဖော်နေကြတာဆုံးမှာလည်းမဟုတ်ပေ။ကျွှန် တော်အမေဆိုသည် နှိုင်းမရတဲ့မေတ္တာရှင်သူရဲကောင်းလို့ တင်ဆက်လိုပါတယ်။ဘာကြောင့်လဲဆိုတော့ မိခင်များသည်သားသမီးများ အတွက်ထက်ခါတစ်လဲလဲအသက်ပေးသွားတဲ့ သူရဲကောင်းဖြစ်လို့ပါ။လောကမှာအကောင်းနဲ့အဆိုးရှိသလိုမိခင်မှာလည်းအကောင်း အဆိုးလို့ဆိုရှိမှာတော့သေချာပါတယ်။ဘာကြောင့်လဲဆိုတော့ စကားပုံမှာ "အပင်ကောင်းသည် အမြစ်မှ သားကောင်းသည်မိခင်မှ" ဟု၍ဆိုပါသည်။ဒီတော့မိခင်များရဲ့တန်ဖိုးဟာ ပေါ်လွင်စေပါပီ။တစ်ချို့အိမ်ထောင်ဦးစီးကြီးများကဆိုတက်ပါပေတယ် မိန်းမများသည် ချောချောလှလှလေး၊ဘွဲ့ရ၊စီးပွားရေးသမားကြီးများဖြစ်ဖို့ထက် မိခင်ပေသတဲ့အိမ်ထောင်သည်မတစ်ယောက်ဖြစ်ဖို ဆိုတာ အိမ် ထောင်ဦးစီးကြီးများလိုအင်ဆန္ဒများဖြစ်တက်ကြပါတယ်။တစ်ချို့မိခင်များ အိမ်တွင်းရေးနိင်နင်းမှုကြောင့် မိခင်ပေသတယ်ဆိုပါတယ် တစ်ချို့ကျတော့ သားသမီးများအိမ်ထောင်ဦးစီးကြီးများကို ချစ်ခင်ယုယတက်မှုကြောင့် မိခင်ပေသတယ်လို့ထင်တက်ကြတယ်။ တကယ်တော့ မိခင်ပေသသူတစ်ယောက်မှာ အားလပ်ချိန်ဆိုလို့မရှိတက်သလောက်ဖြစ်သည်ဘယ်အခါမှလည်းငြင်းတွားခြင်းမပြုတက် ပါ။ဘာကြောင့်လည်းဆိုရင် မိခင်သည် အခြေခံအုတ်မြစ်ဖြစ်လို့ပါပဲ။တစ်ချို့ မိခင်များသည်သားသမီးများကိုအလွန်ချစ်လို့ ခြေမွေးမီးမ လောင်လက်မွေးမီးမလောင်လောက်အောင်ထားတက်ပါသည်.ဒီတော့မိခင်တစ်ယောက်သားသမီးများကိုဘယ်လိုချစ်ရမလဲ၊ဘယ်လို ပျိုးထောင်မလဲလို့မစဉ်းစားတက်ကြဘူး။ နောက်မှမျှော်နော်..... င်း

Monday 6 May 2013

စာကလေးများအော်သံ

စာကလေးအရွယ်ငယ် ဆင်ကြီးကြီးလှတယ် ယုံမြောက်တွေရယ် အကုန်လုံး ပုရွက်ဆိတ် အကြီးဆုံး