Wednesday, 22 May 2013

ရှေ့ဆက်သွားနိုင်ဖို့ သင် စွန့်လွှတ်ရမယ့် အရာ(၁၀)ခု

ဘ၀ကို ရှေ့ဆက်သွားနိုင်ဖို့ဆိုရင် သင်ဟာ ဒီအရာ (၁၀)ခုကို စွန့်လွှတ်ရပါလိမ့်မယ်။ ၁။ အခြားသူများ၏ အမြင်များဖြင့် သင့်ဘ၀ကို ထိန်းချုပ်ခွင့်ပြုခြင်း အရေးကြီးတာက တခြားသူတွေ ဘယ်လိုထင်တယ်ဆိုတာ မဟုတ်ပါဘူး။ သင့်ကိုယ်သင် ဘယ်လိုထင်တယ်ဆိုတာကသာ အရေးကြီးပါတယ်။ သင်ဟာ သင့်ကိုယ်တိုင်အတွက်၊ သင့်ဘ၀အတွက် အကောင်းဆုံးအရာကို လုပ်ရပါမယ်။ ၂။ အတိတ်ကအမှားများကို ရှက်ရွံ့နေခြင်း သင့်ရဲ့ အတိတ်ဆိုတာ သင့်ရဲ့အနာဂတ်နဲ့ ညီမျှခြင်းမဟုတ်ပါဘူး။ အရေးပါတာကတော့ သင် အခု လုပ်နေတဲ့အရာပဲဖြစ်ပါတယ်။ ၃။ ကိုယ် ဘာလိုချင်တယ်ဆိုတာကို တိတိကျကျ မဆုံးဖြတ်နိုင်ခြင်း သင်ဘယ်ကိုသွားချင်တယ်ဆိုတာ မဆုံးဖြတ်နိုင်မချင်း သင် ဘယ်ကိုမှ ရောက်မှာမဟုတ်ပါဘူး။ သင် ဘာကိုလိုချင်တယ်ဆိုတာကို သိအောင် ဆုံးဖြတ်ပါ။ အဲဒီအရာနောက်ကို စိတ်ရောကိုယ်ပါ လိုက်ပါ။ ၄။ သင့်အတွက် အရေးပါသော ရည်မှန်းချက်များကို အချိန်ဆွဲနေခြင်း ဘ၀မှာ အဓိက ရွေးချယ်စရာ နှစ်ခုရှိပါတယ်။ (၁) အဖြစ်အပျက်တွေကို သူ့အရှိအတိုင်းပဲ လိုက်ခံလိုက်တာ (၂) သင်ဟာ အဲဒီအဖြစ်အပျက်တွေကို ပြောင်းလဲနိုင်တယ်လို့ ယုံကြည်တာ။ သစ်ပင်တစ်ပင်ကို စိုက်ခဲ့ဖို့ အကောင်းဆုံးအချိန်ကတော့ လွန်ခဲ့တဲ့အနှစ် (၂၀)လောက်ကပေါ့။ ဒုတိယအကောင်းဆုံးအချိန်ကတော့ အခုအချိန်ပါ။ ၅။ ဘာမှမလုပ်ဖို့ ရွေးချယ်လိုက်ခြင်း သင် ဘယ်အချိန်မှာသေမယ်၊ ဘယ်လိုသေမယ်ဆိုတာကို ရွေးချယ်လို့မရပါဘူး။ သင် ရွေးချယ်လို့ရတာကတော့ အခု ဘယ်လိုရှင်သန်မလဲဆိုတာပဲ ဖြစ်ပါတယ်။ နေ့ရက်တိုင်းဟာ သင် ရွေးချယ်နိုင်တဲ့ အခွင့်အရေးပါပဲ။ ၆။ သင့်လိုအပ်ချက် အမြဲမှန်ခြင်း အောင်မြင်မှုကို ရည်မှန်းပါ။ ဒါပေမယ့် သင့်ရဲ့ ရှုံးနိမ့်ပိုင်ခွင့်ကိုလည်း လက်မလွှတ်ပါနဲ့။ ဘာဖြစ်လို့လည်းဆိုတော့ သင့်ရဲ့ ရှုံးနိမ့်ပိုင်ခွင့်ကို လက်လွှတ်လိုက်ရင် သင်ဟာ အကြောင်းအရာသစ်တွေ သင်ယူနိုင်ခွင့်ကိုပါ ဆုံးရှုံးသွားလို့ပါပဲ။ ၇။ ဖြေရှင်းလို့ရသော ပြဿနာများကို ရှောင်ပြေးခြင်း ရှောင်ပြေးနေတာကို ရပ်လိုက်ပါ။ ပြဿနာတွေကို ရင်ဆိုင်လိုက်ပါ။ ဖြေရှင်းပါ။ ဆက်သွယ်ပြောဆိုပါ။ တန်ဖိုးထားပါ။ ခွင့်လွှတ်ပါ။ သင့်ဘ၀အတွက် ထိုက်တန်တဲ့သူတွေကို ချစ်ခင်ပါ။ ၈။ ဆုံးဖြတ်ချက်များအစား ဆင်ခြေများကို ပြုလုပ်ခြင်း ရေရှည် ရှုံးနိမ့်မှု အများစုဟာ ဆင်ခြေတွေရဲ့ ရလာဒ်ပဲဖြစ်ပါတယ်။ ၉။ သင့်ဘ၀၏ ကောင်းသောအချက်များကို သတိမပြုခြင်း သင်ရှာတာကိုပဲ သင်တွေ့တာပါ။ သင့်ရဲ့ဘ၀မှာ ရှိနေတဲ့အရာတွေကို တန်ဖိုးမထားတတ်ဘူးဆိုရင် သင်ဟာ ပျော်ရွှင်ဖို့အတွက် ခက်ခဲနေပါလိမ့်မယ်။ ၁၀။ လက်ရှိအချိန်ကို တန်ဖိုးမထားခြင်း ဘ၀ရဲ့ အကြီးမားဆုံးအစိတ်အပိုင်းတွေဟာ အရာသေးသေးလေးတွေနဲ့ အစပြုတယ်ဆိုတာကို သတိမထားမိဘဲ ကျနော်တို့ဟာ ကြီးကြီးမားမားတစ်ခုခုကို လုပ်ဖို့ပဲ ကြိုးစားနေတတ်ကြပါတယ်။ Credit To:Your Life Success

သတိထားအသုံးပြုသင့်

သတိ......Facebook Virus ပြန့်နေပါတယ်...........သေချာဖတ်ပါ။ =================================================== FireFox Update ပေါ်လာရင် မနှိပ်ပါနဲ့  Facebook Virus ပါ။ အကူးခံရရင်Auto Post တွေတင်ပါတယ်... သတိပေးပါတယ်။လုံးဝclick မနှိပ်ပါနဲ့  ... Facebook Virus ...ပါ။ Firefox update....virus link ကိုနှိပ်မိသူတွေ အောက်ကနည်းနဲ့ ရှင်းပါ။ (၁)Windowlogo key+R (Run Box) type firefox -safe-mode Check all box and click on makechange and reset.. (၂)IE မှာဆိုရင် Control Pane>Internet Option (must switch as custom view ) >Click the Advanced tab. Under Reset Internet Explorer settings, click Reset. Then click Reset again ပါစင်နယ်ကူပြုတာရဲ့ system fileတွေထိ ကူးစက်နိုင်တယ်ထင်ရင်.... (၁)MSEကိုupdateလုပ်ပြီး ပြန်စစ်ရန်။ MSEက maleware and trojanအတွက် အလုပ်လုပ်။ (၂)Kasperskyသုံးရင်Web filterကို enableလုပ်ထားရန်။ =================================================== ပြန်Shareပါ။ဒီနည်းနဲ့ ဖြေရှင်းလို့ ရတယ်လို့ လက်လှမ်းမှီသလောက် သတိပေးလိုက်ပါ။ (ကမ္ဘာ) . 606Like · · Share

Tuesday, 21 May 2013

သတိထားရှောင်ကြည်ကြပါရန်

ပါရာစီတမောလ် နဲ့ ပက်ပစီ ပုဂံအွန်လိုင်းမီဒီယာ Saturday, May 18, 2013. အားလုံးသိအောင် သတိထားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ ကိုကာကိုလာ ပက်စီ-ကုတ် တွေ အကြောင်းကို လူတိုင်းနှီးပါး သိပြီးကြမယ်လို့ ထင်ပါတယ်။ မသိသေးတဲ့ သူတွေအတွက်ကတော့ သတင်းထူးပါဘဲဗျာ။ ဒီကနေ့ ဂျစ်တူးအကိုရဲ့ သူငယ်ချင်းတစ်ယောက် စင်္ကာပူကိုရောက်လာခဲ့ပါတယ်။ အပျော်ထွက်ဈေးဝယ်လာတာတော့ မဟုတ်ပါဘူး။ သူမရဲ့ ယောက်ျားဆုံးသွားလို့ အပူနဲ့ လာခဲ့ရသူပါ။ လက်ထပ်ထားတာမှ တစ်နှစ်တောင် မပြည့်သေးပါဘူးတဲ့။ သူကကျောင်းဆရာမဆိုတော့ ခွင့်ယူဖို့ အလုပ်ထွက်ဖို့ ဆိုတာ တော်တော်ခက်လို့ ယောက်ျားရှိတဲ့နေရာမှာလည်း မလိုက်လာနိုင်။ ယောက်ျားကလည်း သူမနှင့်အတူ လိုက်မနေနိုင်ဆိုတော့ မယ်တစ်ရွာမောင်တစ်မြို့ အနေဝေးနေကြတာပေါ့။ နောက်နှစ်ဆိုရင်တော့ အတူတူနေလို့ ရပါပြီ။ (ဒီလိုအတွေးကလေးတွေနဲ့ ဆရာမလေး တစ်ယောက် ပျော်နေခဲ့တာပေါ့) ဒါပေမဲ့ အခုတော့ သူမအပျော်တွေ ဘယ်တွေရောက်နေကုန်ပြီ မသိတော့ပါဘူး။ ဆရာမလေးယောက်ျားတစ်ယောက် မြန်မာ နိုင်ငံထုတ် အကြောဖြေဆေးနဲ့ ပက်စီသောက်မိလို့ သေဆုံးသွား ပါတယ်။ မနက်ဖြန်ဆို ရက်လည်နေ့ပါ။ ဒီလိုသတင်းတွေကြားနေရတာ တော်တော်များနေပါပြီ။ ပြီးခဲ့တဲ့ သုံးပတ်လောက်ကလည်း ပါတာစီတစ်မော့နဲ့ ကိုကာကိုလာ သောက်မိလို့ သေသွားတဲ့ မြန်မာအမျိုးသား တစ်ယောက်လည်း ရှိခဲ့ပါတယ်။ သူ့ခေါင်းတွေကိုက်လွန်းလို့ ပါတာစိတစ်မော့ကို သောက်တယ်တဲ့ (ဆေးရက်စွဲ မကုန်သေးပါဘူး) နဲနဲကြာတော့ ရင်တွေပူလွန်းလို့ ဆိုပြီး ကိုကာကိုလာသောက်လိုက်တယ် (သူ့အမျိုးသမီး ကိုယ်တိုင် ရေခဲသတ္တာထဲက ယူပေးလိုက်တာပါ)။ ခဏနေတော့ ပါးစပ်ထဲက အမြုတ်တွေထပြီး မူးလဲသွားလို့ ဆေးရုံကို ပို့လိုက်ရပါတယ်။ အဲဒီဆေးရုံသွားတဲ့လမ်းမှာဘဲ အသက်ဆုံးသွားခဲ့ ပါတယ်။ အရင်ဆုံး ကြားရတဲ့သတင်းကတော့ ဂျစ်တူးတို့ သူငယ်ချင်း အရင်းခေါက်ခေါက် ကိုယ်တိုင်ပါဘဲ။ ကုန်လွန်ခဲ့တဲ့ သုံးလလောက်ကဖြစ်ခဲ့တာပါ။ မြန်မာနိုင်ငံထုတ်ဆေးကို သောက်ပြီး တော်တော်ကလေးကြာမှ ပက်စီကို သောက်လိုက်တာ တခါတည်း အသက်ပါ ပါသွားလိုက်တာပါ။ ကြားခါစမ ယုံမကြည်ဖြစ်မိပါတယ်။ ဒီလောက်သန်သန်မာမာ ကျန်းမာရေး အထူးဂရုစိုက်တဲ့သူတစ်ယောက် သေတယ်ဆိုတော့ ဘယ်လိုမှ မယုံကြည်မိပါဘူး။ တကယ်တန်း မီးခိုးငွေ့တွေအဖြစ် ကြုံရတော့ မယုံကြည်လို့ မရတော့ပါဘူး။ နီးစပ်ရာသက်ဆိုင်ရာသူငယ်ချင်းအပေါင်းအသင်းများကို စကားတိုးတိုး ပြောပေးပါ။ အထက်ပါ အကြောင်းအရာတွေကိုပါ။ မဖြစ်အောင်တားလို့ ရပါတယ်။ တစ်ယောက်ကြည့်လို့ တစ်ယောက်သိရင် တစ်ယောက်အသက်ကို ကယ်တင်ရာရောက်ပါတယ်။ ဘလော့တွေ အားလုံးကဖြစ်ဖြစ် - ပြန်ပွားအောင် သိသူများအောင် ဖေါ်ထုတ်ပေးကြပါ။ လူအသက်တစ်ချောင်း ကယ်ကောင်းပါတယ်ဗျာ။ တစ်ယောက်အားနဲ့ မရပါဘူး။ အများသိဖို့ အများမှာ တာဝန်ရှိပါတယ်။ သင်သိတာကလေးကို မျှဝေသိစေခြင်းဖြင့် ကုသိုလ်ယူကြပါ။ myanmar news update မှကူးကားတင်ဆက်လိုက်ပါသည်။

Monday, 20 May 2013

Facebook မှသင့်ကိုပြောပြမှာမဟုတ်သော အချက်(၁၃)ချက်

၁ ။ Facebook မှ သင့်အကြောင်းကိုမည်မျှစုဆောင်းသိရှိသလဲသိလိုလျှင် - Home Menu ထဲမှ Account Settings သို့သွား၍ “ Down load a copy ofyourFacebookdata” အား Clickလုပ်ပါ။ ၂ ။ သင်သည် default setting အား “Public” လုပ်ထားသည်။ သို့သော် သင်၏ update အချက် အလက်များနှင့် ပုဂ္ဂလိက သတင်း အချက်အလက်များ အား တစ်ကမ္ဘာလုံးသို့ မဖြန့်ဝေလိုပါက “Privacy Setting “သို့သွားရောက်၍ ပြောင်းလဲမှုများပြုလုပ်ရမည်။ ၃ ။ သင့်သူငယ်ချင်းတွေ၏ Post တိုင်းကိုသင်မြင်ရမှာမဟုတ်သလို၊သင်၏updateသတင်းအချက်အလက်များကိုလည်း သင်၏သူငယ်ချင်းတစ်ချို့တစ်ဝက်ကသာမြင်ရပါလိမ့်မည်။ Facebook သည် Usersများကိုsiteအားကြာရှည်စွာအသုံးပြု စေလိုသောကြောင့် ကြိုက်နှစ်သက်မှု အများ ဆုံး၊ ပြန်လည် ဖြန့်ဝေမှုအများဆုံး၊ ဝေဖန် သုံးသပ်မှုအများဆုံး Post များ ကို သာ ဦး စားပေးမြင်သာစေသည်။ ၄ ။ သင်သည် Facebook သို့ “ Signinဝင်ပြီးသည့်အခါ နောင်တွင်သင်internetsurfလုပ်သည့်အချိန်တွင်လမ်းကြောင်း တစ်ခုအဖြစ် အမြဲဖြစ်ပေါ်စေသည်။ မည်သည့်အချိန်တွင်မဆို FB တွင်Share / Like လုပ်ထားသော Page များအားဝင် ရောက်ကြည့်ရှုပါက သင်၏ Share/ Like ပြုလုပ်သော Information များအား မှတ်သားပေးထားသည်။ ၅ ။ သင်၏ Post များအား “Public” ပြုလုပ်ထားခဲ့ပါက မသမာသူများမှသင်၏ Updateသတင်းအချက်အလက်များအား တွေ့မြင်နေရသဖြင့် မသမာမှုများအတွက် အထောက်အပံ့ဖြစ်နိုင်သည် ။ အာမခံကုမ္ပဏီများသည်Post လုပ်ထားသော သတင်းအချက်အလက်များအား အသုံးပြု၍ ငွေအရစ်ကျပေးချေနှုန်းများတိုးမြှင့်ခြင်း၊ တောင်းဆိုမှုများအားငြင်းဆန်ခြင်း များပြု လုပ်လေ့ရှိ ပါသည်။ ၆ ။ သင်၏ စေ့စပ်လက်ထပ်ခြင်း၊ တက္ကသိုလ်ဝင်ခွင့်ရခြင်း ကဲ့သို့သော သတင်းများအား FBမှသတင်း ကြေငြာမှုတစ်ခု အဖြစ် သတ်မှတ်၍ သင့်သူငယ်ချင်းများ၏ News Feeds တွင် ၄င်းတို့ နောက်တစ်ကြိမ်Log on လုပ်သည့် အချိန်အထိ တိုင်အောင် ဖော်ပြပေးထားပါသည်။ ၇ ။ ဥပမာအားဖြင့်သင်သည် Gap Facebook page တွင် ဈေးဝယ်ရခြင်းအား ကြိုက်နှစ်သက်သဖြင့် “Like” လုပ်ပါက coupon ပေါ်လာသောအချိန်တွင် သင်ကျေနပ်လိမ့်မည်။ ထိုကဲ့သို့သော ဖြစ်စဉ်များသည် FB အားသင်၏အကြောင်းကို ပိုမိုသိစေသည့် အကျိုးကျေးဇူးကိုရစေပါသည်။ ၈ ။ သင်ဂရုစိုက်သောသူငယ်ချင်းများ၏ Posts များအား လုံလောက်စွာမကြည့်ရှုရဘဲ၊ သင်မကြည့်လိုသော သူငယ်ချင်း များ၏ Post များအားမြင်တွေ့နေရပါသလား? - New Feeds များအား Most Recent အဖြစ်စီစဉ်ပါ။ - သင်၏ Close Friends List ထဲသို့ Favorite Friend များအားထည့်ပါ။ - သင်စိတ်မဝင်စားသော သူငယ်ချင်းအချို့အား unsubscribe လုပ်ပါ။ ၉ ။ FB သည်ကြော်ငြာထည့်သွင်းလိုသော companies များအား Advertising Space ရောင်း ချခြင်းဖြင့် ဝင်ငွေရရှိသည်။ ကြော်ငြာလိုသည့်ကုမ္ပဏီများသည် ၄င်းတို့ဆန္ဒရှိသည့်နေရာ၊ လုပ်ငန်းအမျိုးအစား နယ်ပယ်၊ပညာအရည်အချင်း level စသည့် သတင်း အချက် အလက် များပေးသည်။ ကျွန်ုပ်တို့သည် ၄င်းတို့၏ စံအနေအထားများနှင့် ကိုက်ညီမည့်Pages များတွင် ကြော်ငြာများ ထည့်ပေးသည်။ ၁ဝ ။ သင်သည် သင်၏အရေးကြီးသော Post များအား သင် ၏သူငယ်ချင်း များ သို့ သေချာ စွာမြင်စေလိုလျှင် - သင်၏ Update News အားသူငယ်ချင်းများ၏ News Feedsထိပ်ဆုံး တွင်ပြောင်းရွှေ့ ပေါ်လွင်စေရန် $7 မှ $10အထိ Fee ပေး၍ပြုလုပ်နိုင်ပါသည်။ ၁၁ ။ အသုံးပြုသူ အများစုဟာ time line ကို မကြိုက်နှစ်သက်ကြပါ။ သို့သော်timelineသည်အသုံးပြုသူများအတွက် Shareလုပ်ရန် ထိရောက်သည့်နည်းလမ်းတစ်ခုဖြစ်သည်။ Timeline သည် မြင်သာသော ဆွဲဆောင်မှုရှိ၍ ဈေးကွက်အ တွင်း Brands ထိုးဖောက်လိုသူ စီးပွားရေး လုပ်ငန်း များ အတွက် ပိုမိုကောင်းမွန် သော Platform တစ်ခုဖြစ်သည်။ ၁၂ ။ သင်၏ Posts များအား Facebook friends များကြားတွင်တွေ့မြင်ရမှုကို ကန့်သတ်နိုင်သည်။ ဥပမာအားဖြင့် သင်၏ Post များအားboss မှလွဲ၍ အခြားသော သူများအားကြည့်ရှုခွင့်ပြုနိုင်သည်။ - Status Update Box ၏ ညာဘက်အောက်ထောင့်တွင်ရှိသောမြှားကို Click လုပ်ပါကOption အားလုံးကို တွေ့မြင်ရပါ လိမ့်မည်။ ၁၃ ။ Facebook Log on လုပ်နေစဉ် သင်၏ computer အား ထားရစ် ထွက်ခွာခဲ့ခြင်း မပြုလုပ်ပါနှင့်။ လုပ်ငန်းခွင် တွင် တခြားသူမှ သင်၏ Status တွင်ဝင်ရောက်ရေးသားနိုင်သောကြောင့်ဖြစ်သည်။ Myanmar News Update ၏ စာမျက်နှာ မှ ကူးယူဖော်ပြပါသည်။

Sunday, 19 May 2013

သက်ဆိုင်သူသို့ တိုက်ရိုက်ပေးပို့လိုက် ပါ၏.....

Friday, 17 May 2013

Myspace Funny Icons သူတို့ကလည်း ချစ်ကြလွန်းတော့လည်းစတာနှောက်တာမဆုံးတော့ဘူး...ဟီးးးးးးး
ချစ်တက်ရင်လောကကြီးကပျော်စရာပါ