Monday, 20 May 2013
Facebook မှသင့်ကိုပြောပြမှာမဟုတ်သော အချက်(၁၃)ချက်
၁ ။ Facebook မှ သင့်အကြောင်းကိုမည်မျှစုဆောင်းသိရှိသလဲသိလိုလျှင် - Home Menu ထဲမှ Account Settings သို့သွား၍ “ Down load a copy ofyourFacebookdata” အား Clickလုပ်ပါ။
၂ ။ သင်သည် default setting အား “Public” လုပ်ထားသည်။ သို့သော် သင်၏ update အချက် အလက်များနှင့်
ပုဂ္ဂလိက သတင်း အချက်အလက်များ အား တစ်ကမ္ဘာလုံးသို့ မဖြန့်ဝေလိုပါက “Privacy Setting “သို့သွားရောက်၍
ပြောင်းလဲမှုများပြုလုပ်ရမည်။
၃ ။ သင့်သူငယ်ချင်းတွေ၏ Post တိုင်းကိုသင်မြင်ရမှာမဟုတ်သလို၊သင်၏updateသတင်းအချက်အလက်များကိုလည်း
သင်၏သူငယ်ချင်းတစ်ချို့တစ်ဝက်ကသာမြင်ရပါလိမ့်မည်။ Facebook သည် Usersများကိုsiteအားကြာရှည်စွာအသုံးပြု
စေလိုသောကြောင့် ကြိုက်နှစ်သက်မှု အများ ဆုံး၊ ပြန်လည် ဖြန့်ဝေမှုအများဆုံး၊ ဝေဖန် သုံးသပ်မှုအများဆုံး Post များ
ကို သာ ဦး စားပေးမြင်သာစေသည်။
၎ ။ သင်သည် Facebook သို့ “ Signinဝင်ပြီးသည့်အခါ နောင်တွင်သင်internetsurfလုပ်သည့်အချိန်တွင်လမ်းကြောင်း
တစ်ခုအဖြစ် အမြဲဖြစ်ပေါ်စေသည်။ မည်သည့်အချိန်တွင်မဆို FB တွင်Share / Like လုပ်ထားသော Page များအားဝင်
ရောက်ကြည့်ရှုပါက သင်၏ Share/ Like ပြုလုပ်သော Information များအား မှတ်သားပေးထားသည်။
၅ ။ သင်၏ Post များအား “Public” ပြုလုပ်ထားခဲ့ပါက မသမာသူများမှသင်၏ Updateသတင်းအချက်အလက်များအား
တွေ့မြင်နေရသဖြင့် မသမာမှုများအတွက် အထောက်အပံ့ဖြစ်နိုင်သည် ။ အာမခံကုမ္ပဏီများသည်Post လုပ်ထားသော
သတင်းအချက်အလက်များအား အသုံးပြု၍ ငွေအရစ်ကျပေးချေနှုန်းများတိုးမြှင့်ခြင်း၊ တောင်းဆိုမှုများအားငြင်းဆန်ခြင်း
များပြု လုပ်လေ့ရှိ ပါသည်။
၆ ။ သင်၏ စေ့စပ်လက်ထပ်ခြင်း၊ တက္ကသိုလ်ဝင်ခွင့်ရခြင်း ကဲ့သို့သော သတင်းများအား FBမှသတင်း ကြေငြာမှုတစ်ခု
အဖြစ် သတ်မှတ်၍ သင့်သူငယ်ချင်းများ၏ News Feeds တွင် ၄င်းတို့ နောက်တစ်ကြိမ်Log on လုပ်သည့် အချိန်အထိ
တိုင်အောင် ဖော်ပြပေးထားပါသည်။
၇ ။ ဥပမာအားဖြင့်သင်သည် Gap Facebook page တွင် ဈေးဝယ်ရခြင်းအား ကြိုက်နှစ်သက်သဖြင့် “Like” လုပ်ပါက
coupon ပေါ်လာသောအချိန်တွင် သင်ကျေနပ်လိမ့်မည်။ ထိုကဲ့သို့သော ဖြစ်စဉ်များသည် FB အားသင်၏အကြောင်းကို
ပိုမိုသိစေသည့် အကျိုးကျေးဇူးကိုရစေပါသည်။
၈ ။ သင်ဂရုစိုက်သောသူငယ်ချင်းများ၏ Posts များအား လုံလောက်စွာမကြည့်ရှုရဘဲ၊ သင်မကြည့်လိုသော သူငယ်ချင်း
များ၏ Post များအားမြင်တွေ့နေရပါသလား?
- New Feeds များအား Most Recent အဖြစ်စီစဉ်ပါ။
- သင်၏ Close Friends List ထဲသို့ Favorite Friend များအားထည့်ပါ။
- သင်စိတ်မဝင်စားသော သူငယ်ချင်းအချို့အား unsubscribe လုပ်ပါ။
၉ ။ FB သည်ကြော်ငြာထည့်သွင်းလိုသော companies များအား Advertising Space ရောင်း ချခြင်းဖြင့် ဝင်ငွေရရှိသည်။
ကြော်ငြာလိုသည့်ကုမ္ပဏီများသည် ၄င်းတို့ဆန္ဒရှိသည့်နေရာ၊ လုပ်ငန်းအမျိုးအစား နယ်ပယ်၊ပညာအရည်အချင်း level
စသည့် သတင်း အချက် အလက် များပေးသည်။ ကျွန်ုပ်တို့သည် ၄င်းတို့၏ စံအနေအထားများနှင့် ကိုက်ညီမည့်Pages
များတွင် ကြော်ငြာများ ထည့်ပေးသည်။
၁ဝ ။ သင်သည် သင်၏အရေးကြီးသော Post များအား သင် ၏သူငယ်ချင်း များ သို့ သေချာ စွာမြင်စေလိုလျှင်
- သင်၏ Update News အားသူငယ်ချင်းများ၏ News Feedsထိပ်ဆုံး တွင်ပြောင်းရွှေ့ ပေါ်လွင်စေရန် $7 မှ $10အထိ
Fee ပေး၍ပြုလုပ်နိုင်ပါသည်။
၁၁ ။ အသုံးပြုသူ အများစုဟာ time line ကို မကြိုက်နှစ်သက်ကြပါ။ သို့သော်timelineသည်အသုံးပြုသူများအတွက်
Shareလုပ်ရန် ထိရောက်သည့်နည်းလမ်းတစ်ခုဖြစ်သည်။ Timeline သည် မြင်သာသော ဆွဲဆောင်မှုရှိ၍ ဈေးကွက်အ
တွင်း Brands ထိုးဖောက်လိုသူ စီးပွားရေး လုပ်ငန်း များ အတွက် ပိုမိုကောင်းမွန် သော Platform တစ်ခုဖြစ်သည်။
၁၂ ။ သင်၏ Posts များအား Facebook friends များကြားတွင်တွေ့မြင်ရမှုကို ကန့်သတ်နိုင်သည်။
ဥပမာအားဖြင့် သင်၏ Post များအားboss မှလွဲ၍ အခြားသော သူများအားကြည့်ရှုခွင့်ပြုနိုင်သည်။
- Status Update Box ၏ ညာဘက်အောက်ထောင့်တွင်ရှိသောမြှားကို Click လုပ်ပါကOption အားလုံးကို တွေ့မြင်ရပါ
လိမ့်မည်။
၁၃ ။ Facebook Log on လုပ်နေစဉ် သင်၏ computer အား ထားရစ် ထွက်ခွာခဲ့ခြင်း မပြုလုပ်ပါနှင့်။ လုပ်ငန်းခွင် တွင်
တခြားသူမှ သင်၏ Status တွင်ဝင်ရောက်ရေးသားနိုင်သောကြောင့်ဖြစ်သည်။
Myanmar News Update ၏ စာမျက်နှာ မှ ကူးယူဖော်ပြပါသည်။
labels
သိသင့်အရာကွန်ပျူတာ
Sunday, 19 May 2013
Friday, 17 May 2013
Friday, 10 May 2013
love worlds(အချစ်ဆိုင်ရာစကားလုံးများ)
စကားလေးကသုံးခွန်းထဲပါ။ I love you တဲ့။ သူ့ကိုဖွင့်ဆိုဖို့ကြတော့စကားလုံးတွေအများကြီးနဲ့ဖွဲ့နွဲ့ကြရလိမ့်မယ်။ ချစ်သူများနေ့မှာသုံးနိုင်မယ့်ဝေါဟာရတွေကိုစုစည်းပေးထားတာပါ။ အနောက်ကစာလုံးတွေက အဓိပ္ပါယ်ဆင်တူတာတွေ၊ category အုပ်စုတူတာတွေ ဖြစ်ပါတယ်။
Nouns of Love
BEAUTY: attractiveness, charm, elegance, grace, loveliness အလှ
CHARM: attraction, fascination, glamour ညှို့ဓါတ်၊ ကျက်သရေ
CONSORT: companion, comrade, mate, partner, soul-mate, spouse ကြင်ဖော်
DELIGHT: enjoyment, gladness, happiness, joy, pleasure သာယာကြည်နူးခြင်း
DEVOTION: affection, attachment, fidelity, loyalty, dedication သံယောဇဉ်၊ စွဲလမ်းမှု
DIGNITY: elegance, grace, stateliness ဣနြေ္ဒ။ ဂုဏ်သရေ
FOREVER: always, eternity, perpetuity ထာဝရ
HAPPINESS: bliss, cheerfulness, contentment, delight, joyfulness ပျော်ရွှင်ခြင်း
HOPE: faith, optimism, reliance, belief, desire, wish မျှော်လင့်ချက်
JOY: bliss, delight, elation, gladness, happiness ၀မ်းသာခြင်း၊ အားရခြင်း
LOYALTY: allegiance, constancy, devotion, faithfulness, fidelity သစ္စာရှိမှု
MARRIAGE: matrimony, nuptials, wedding, wedlock, bond, union လက်ထပ်ထိမ်းမြားခြင်း
PROMISE: pledge, vow ကတိက၀တ်
RENEWAL: enlivenment, invigoration, regeneration, revival ပြန်ဆန်းသစ်ခြင်း
RESPECT: admiration, appreciation, esteem, favor, honor, regard လေးစားတန်ဖိုးထားခြင်း
SACRIFICE: dedication, devotion, offering အနစ်နာခံခြင်း
SINCERITY: candidness, candor, frankness, genuineness, honesty, ပွင့်လင်းခြင်း၊ စစ်မှန်ခြင်း
SPIRIT: being, heart, mind, psyche, soul, energy, life, verve စိတ်ဝိဥာဉ်၊ လိပ်ပြာ
WISDOM: insight, judgment, knowledge ဥာဏ်ပညာ၊ အသိတရား
Adjectives of Love
AFFECTIONATE: adoring, caring, considerate, devoted, loving ကြင်နာသော၊ မြတ်နိုးသော
BEAUTIFUL: attractive, fair, lovely, stunning လှပသော
DIVINE: godly, heavenly, glorious, wonderful, wondrous အံ့သြဖွယ်ကောင်းသော၊ ဘုရား/နတ်မျှသော
ENDLESS: continual, eternal, perpetual, unceasing, unending, timeless အဆုံးမရှိသော၊
FAITHFUL: constant, steady, steadfast, true သစ္စာရှိသော၊ မဖောက်ပြန်သော
FOND: affectionate, dear, devoted, loving ချစ်ခင်သော၊ မြတ်နိုးသော
HAPPY: cheerful, glad, joyful, joyous, merry, pleased ပျော်ရွှင်သော
HOPEFUL: hoping, optimistic, promising မျှော်လင့်ချက်ရှိသော၊ အလားအလာကောင်းသော
INFINITE: endless, limitless, unbounded, immeasurable အဆုံးမရှိ၊ အကန့်အသတ်မရှိသော
MARRIED: marital, matrimonial, nuptial, spousal, wedded, united လက်ထပ်ပြီးသော
NOBLE: august, royal, ethical, moral, virtuous, honorable မြင့်မြတ်သော
OPTIMISTIC: bright, sunny, upbeat, promising အကောင်းမြင်တတ်သော၊
PEACEFUL: placid, quiet, serene, still, undisturbed ငြိမ်းချမ်းသော
PRICELESS: precious, inestimable, invaluable, valuable အဖိုးမဖြတ်နိုင်သော
SINCERE: genuine, honest, real, heartfelt ပွင့်လင်းသော၊ ရိုးသားသော
TOTAL: complete, entire, whole, absolute, pure, sheer, utter လုံးဝဥသုံ၊ အကြွင်းမဲ့
UNCOMMON: extraordinary, scarce, unusual, rare, unique ရှားပါးသော၊ ထူးကဲသော၊ သာမန်မဟုတ်သော
UNCORRUPTED: ethical, principled, untarnished မပျက်ယွင်းသော၊ သန့်စင်သော
UNDENIABLE: certain, incontestible, sure, undisputable မငြင်းဆန်နိုင်သော
UNDYING: deathless, immortal, eternal, everlasting မသေဆုံးနိုင်သော၊ ထာဝရတည်တံ့သော
UNFADING: enduring, lasting, undying, unfailing မညှိုးနွမ်းသော၊ မပျောက်ကွယ်သော
UNIVERSAL: omnipresent, cosmic, global, worldwide ကမ္ဘာကုန်ကျယ်သရွေ့၊ နေရာတိုင်းမှာရှိသော
UNSELFISH: selfless, self-sacrificing တစ်ကိုယ်ကောင်းမဆန်သော
VIBRANT: intense, strong, vivid, dynamic, energetic, vigorous စိုစိုလွင်လွင်၊ အသွေးစုံ တက်တက်ကြွကြွ
VIRTUOUS: ethical, moral, noble, principled, pure, righteous ဂုဏ်သရေမြင့်မားသော၊ ကိုယ်ကျင့်ကောင်းသော
WARM: compassionate, sympathetic, tender, enthusiastic နွေးထွေးသော
WORTHY: capable, deserving, desirable, suited, honorable, noble ထိုက်တန်သော
Verbs of Love
CHERISH: esteem, prize, treasure, cultivate, foster, nurture ချစ်ခင်မြတ်နိုးသည်။ တန်ဖိုးထားသည်။
HOPE: anticipate, await, count on, expect, look forward to မျှော်လင့်သည်၊ စောင့်စားသည်။
INSPIRE: excite, exhilarate, motivate, stimulate, impress လှုံ့ဆော်သည်။ နှိုးဆွသည်။ တက်ကြွစေသည်။
LOVE: adore, cherish, treasure ချစ်သည်။
MARRY: espouse, wed, combine, couple, hitch, mate, link, unite လက်ထပ်ထိမ်းမြားသည်။
PRIZE: appreciate, value, cherish တန်ဖိုးထားသည်။
PROMISE: pledge, vow ကတိပြုသည်။
RENEW: regenerate, restart, refresh, rekindle ပြန်လည်ဆန်းသစ်သည်။
RESPECT: honor, regard, value, admire လေးမြတ်သည်။
UNITE: connect, converge, join, meet, merge, unify ညီညွတ်သည်။ စုစည်းသည်။ ပေါင်းဖက်သည်။
VALUE: assess, evaluate, rate, appreciate, prize တန်ဖိုးထားသည်။
ဇာနည်(MyWay!)
Read more: Love Words (အချစ်ဆိုင်ရာစကားလုံးများ) - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A803268&xgs=1&xg_source=msg_share_topic#ixzz2KYqEU2iu
Posted in: အချစ်
labels
အချစ်စကားစု
Thursday, 9 May 2013
မေမေ
တစ်နေ့တော့ပြန်လာခဲ့မယ် အမေ
ဟိုးအဝေးမှာ
ကြယ်စင်တွေ..သူတို့စွမ်းသလောက်
မှုန်ပြပြပေမယ့်..“ လင်း ” ပြရှာတယ် မေမေ
ကျွန်တော်ရော...မေမေ့အတွက်
ဘယ်လို သစ္စာတရားတွေနဲ့
ဘယ်လို မေတ္တာတရားတွေနဲ့
“ လင်း ” ပြခဲ့ပြီးပြီလဲဟင် ...
မေမေ
ကျွန်တော်တို့အရပ်မှာ
နေတွေမပွင့်ဘူး .. လတွေမသာဘူး
အချိန်တိုင်းမှာ ဖိနှိပ်စီးပိုးမှုတွေနဲ့
ဘယ်လိုများ နေသာစရာကောင်းမှာတဲ့လဲ
ဂါရ၀တရား နဲ့ ရိုသေမှုဟာ
လူ့ဘုံသမိုင်းမှာ ပျောက်ဆုံးနေလေရဲ့
မေမေသင်ကြားခဲ့သမျှ
ကျွန်တော့်မှာ . . . . နောင်တ ဆိုတာကိုအဖော်ပြုလို့
ခရီးကြမ်းကို ဆက်လက်လွှင့်နေမိဆဲ
မေမေ
အဲဒီကောင်းကင်ကြီးအောက်
ကျွန်တော်တို့ မိုးရေတွေ အတူသောက်ခဲ့ကြဖူးတယ်
တနယ်တခြားမှာ
သူတို့ဟာ ဘာကြောင့်များ “ စိမ်း ” သွားကြတာလဲဟင်
ကျွန်တော်တို့ဟာ မြန်မာတွေပါမေမေ
ရွှေတိဂုံဘုရားကြီးရှိတယ်
ဇွဲကပင်တောင်ရှိတယ်
ဧရာဝတီမြစ်ကြီးရှိတယ်
ပုဂံ ရှိတယ်
ဂူဂဲလ်လောက်တော့ပွင့်နိုင်တဲ့ အင်တာနက်လိုင်းကြီးတွေရှိတယ်
တခါတခါ ပိုက်ဆံများရှိလို့ကတော့
လူပေါ်လူကျော်လည်း လုပ်နိုင်သေးတယ်မေမေရဲ့
မေမေ
မဝေးတော့တဲ့တစ်နေ့မှာပေါ့
ကျွန်တော်တို့ မျှော်လင့်ခြင်းတွေကိုယ်စီထုပ်ပိုး
မနိုးသော အိပ်မက်များ ကိုယ်စီနဲ့
မေမေ့အိမ်ကလေးကို ပြန်လာခဲ့မှာပါ
နှင်းဆီရနံ့တွေလွှမ်းနေတဲ့
မေမေ့ ပန်းခင်းလေးထဲ
ကျွန်တော့်ကို မျှော်နေမလားမေမေ
မေမေ့ ရင်ခွင်တံခါးကိုခေါက်
ကျွန်တော် သားချော့တေးတွေ ပြန်ကြားယောင်မိတယ်
လူကလေးရယ်..အိပ်ချိန်တန်..ဗျိုင်းရှေ့ကပျံ
ကျွန်တော့်မျက်ဝန်းတွေထဲ
အခါမလပ် အုံ့ဆိုင်း ရစ်သိုင်းနေဆဲပါ မေမေရယ်
မေမေ
ဒီမြေဒီရေဟာ ကျွန်တော့်အတွက်တော့
တမာခါးတွေစိုက်ပျိုးထားတဲ့ ပူပြင်းစူးရှ
ကန္တာရသက်သက်ရယ်ပါ မေမေ
တခမ်းတနား အဆောက်အအုံတွေနဲ့
မီးရထားဖြူဖြူကြီးတွေနဲ့
သူတို့ဟာ စက်ရုပ်တွေများလားမေမေ
အချိန်တန်အိပ် အချိန်တန်စား
ဘ၀ဟာ နေခြင်းလား... သေခြင်းလား
ဘယ်လို အသိတရားမျိုးတွေနဲ့
ကျွန်တော်ဆက်နေထိုင်ရမလဲဟင် မေမေ
မေမေ
နံနက်ခင်းနိုးထခါစ မေမေ့လက်ရာထမင်းကြော်နဲ့
ပဲပြုတ်ဆီဆမ်းကို ကျွန်တော်တအားလွမ်းတယ်မေမေ
ကျွန်တော့်ကို ဆူပါဦးမေမေ
ကျွန်တော့်ကို ရိုက်ပါဦးမေမေ
တခမ်းတနား အဆောင်အယောင်တွေကို
ကျွန်တော်မုန်းတီးနေခဲ့တာကြာပါပြီ
ဘ၀က လှိုင်းထန်လည်းပဲ
မေမေ့ ၀ဲဂရက်ထဲပဲ ကျွန်တော်လွန့်လူးပျော်မွှေ့ချင်တယ်
မေမေ့ လှေငယ်လေးပဲ ကျွန်တော် လှော်ခတ်ချင်တယ်
အို... မေမေရယ်
မဝေးတော့တဲ့ တစ်ရက်မှာပေါ့
ကျွန်တော် အရောက်ပြန်ခဲ့မှာပါ
ခွင့်လွှတ်ခြင်းတရားတွေ နဲ့ မေမေ့ ရင်ခွင်နွေးနွေးကြား
ကျွန်တော် အိပ်စက်ခိုလှုံပါရစေဦးနော်
လွမ်းနေခွင့်
အမေများနေ့အမှတ်တရ
အမေတစ်ယောက်၏အေ၇းပါမှူ
လာမည့်အမေများနေ့ကိုဂုဏ်ပြုရင်းအမေများနေ့စာတစ်စောင်လေးတင်ဆက်လိုပါတယ်...ကမ္ဘာမြေကြီးမှာလူဆိုလို့လူယောင်္ကျား
ဟာပထမလို့လူတိုင်းသိကြတဲ့အတိုင်းပါ.ဒီတော့ လူယောင်္ကျားမှ ဒီနေ့ဒီချိန်ထိ လူဦးရေသန်းပေါင်းများစွာတိုးပွားစေပါသလားဆို
ရရင် အမေတို့ရဲ့အေ၇းပါပုံကိုထင်ပေါ်နေလောက်ပေဖြစ်သည်။ဒီတော့လောကမှာအမေဟာ ဒီကမ္ဘာမြေတစ်ခွင်လုံးသြဇာအာဏာ
အရှိဆုံးလို့ကျွှန်တော်ဆိုချင်ပါတယ်။ဘာကြောင့်လည်းဆိုရင် အမေမရှိရင် လူဆိုတာခုချိန်ဆိုရှိမှာမဟုတ်လို့ပါ။စာရေးဆရာများ၊
ပညာရှင်များ စသည့်ပညာတက်ပုဂ္ဂိုလ်များလည်း မိခင်များကိုအမျိုးမျိုးတင်စား ဂုဏ်ဖော်နေကြတာဆုံးမှာလည်းမဟုတ်ပေ။ကျွှန်
တော်အမေဆိုသည် နှိုင်းမရတဲ့မေတ္တာရှင်သူရဲကောင်းလို့ တင်ဆက်လိုပါတယ်။ဘာကြောင့်လဲဆိုတော့ မိခင်များသည်သားသမီးများ
အတွက်ထက်ခါတစ်လဲလဲအသက်ပေးသွားတဲ့ သူရဲကောင်းဖြစ်လို့ပါ။လောကမှာအကောင်းနဲ့အဆိုးရှိသလိုမိခင်မှာလည်းအကောင်း
အဆိုးလို့ဆိုရှိမှာတော့သေချာပါတယ်။ဘာကြောင့်လဲဆိုတော့ စကားပုံမှာ "အပင်ကောင်းသည် အမြစ်မှ သားကောင်းသည်မိခင်မှ"
ဟု၍ဆိုပါသည်။ဒီတော့မိခင်များရဲ့တန်ဖိုးဟာ ပေါ်လွင်စေပါပီ။တစ်ချို့အိမ်ထောင်ဦးစီးကြီးများကဆိုတက်ပါပေတယ် မိန်းမများသည်
ချောချောလှလှလေး၊ဘွဲ့ရ၊စီးပွားရေးသမားကြီးများဖြစ်ဖို့ထက် မိခင်ပေသတဲ့အိမ်ထောင်သည်မတစ်ယောက်ဖြစ်ဖို ဆိုတာ အိမ်
ထောင်ဦးစီးကြီးများလိုအင်ဆန္ဒများဖြစ်တက်ကြပါတယ်။တစ်ချို့မိခင်များ အိမ်တွင်းရေးနိင်နင်းမှုကြောင့် မိခင်ပေသတယ်ဆိုပါတယ်
တစ်ချို့ကျတော့ သားသမီးများအိမ်ထောင်ဦးစီးကြီးများကို ချစ်ခင်ယုယတက်မှုကြောင့် မိခင်ပေသတယ်လို့ထင်တက်ကြတယ်။
တကယ်တော့ မိခင်ပေသသူတစ်ယောက်မှာ အားလပ်ချိန်ဆိုလို့မရှိတက်သလောက်ဖြစ်သည်ဘယ်အခါမှလည်းငြင်းတွားခြင်းမပြုတက်
ပါ။ဘာကြောင့်လည်းဆိုရင် မိခင်သည် အခြေခံအုတ်မြစ်ဖြစ်လို့ပါပဲ။တစ်ချို့ မိခင်များသည်သားသမီးများကိုအလွန်ချစ်လို့ ခြေမွေးမီးမ
လောင်လက်မွေးမီးမလောင်လောက်အောင်ထားတက်ပါသည်.ဒီတော့မိခင်တစ်ယောက်သားသမီးများကိုဘယ်လိုချစ်ရမလဲ၊ဘယ်လို
ပျိုးထောင်မလဲလို့မစဉ်းစားတက်ကြဘူး။ နောက်မှမျှော်နော်.....
င်
း
Subscribe to:
Posts (Atom)
